Sunday, July 15, 2012

IP အခြေခံသဘောတရား

Network address မှာ အကြမ်းအားဖြင့် class ငါးခုရှိပါတယ်။
Class  A,B,C,D,E ပါ ဒါပေမဲ့  D,E ကို သိပ်မသုံးကြပါဘူး...........
မြန်မာနိင်ငံကလူတွေအနေနဲ့ နားလည်အောင်ပြောမယ်ဆိုရင်တော့
Class အမျိုးအစားမှာ အ၇ည်အသွေး သုံးခုနဲ့ ခွဲခြားပါတယ် ။ အဲ့ဒါတွေက တော့
Network bit, Host bit, Network ID တို့ ဖြစ်ပါတယ်။

Class A    Network bit=8 bit / Host bit= 24 bit / Network ID= 1~126 ဖြစ်ပါတယ်။
Class B    Network bit=16bit / Host bit =16 bit / Network ID = 128~191 ဖြစ်ပါတယ်။

Class C အကြောင်းမပြောခင်  ခင်ဗျားတို့ သတိထားမိကြလားတော့မသိဘူး... Class A နဲ့ B ကြားထဲမှာ
127   က ပျောက်နေတယ်လေ....
အဲ့ဒီ 127 ဆိုတာ local host address ပါ စက်တိုင်းမှာပါပါတယ် ကိုယ့်ရဲ့ Network Card ကောင်းလားမကောင်းလား စမ်းတဲ့နေရာမှာသုံးပါတယ်..ဥပမာ window key + R. >>>> cmd >>> ping 127.0.0.1 အဲ့လိုပါ။

Class C  Network bit=24bit/ Host bit = 8 bit / Network ID = 191~233 ဖြစ်ပါတယ်။

ခင်ဗျားတို့ နည်းနည်းတော့ရှုပ်သွားမယ်ထင်တယ်ဗျ ...ကျနော်ရှင်းပြမယ်....အိုကေ...

 Class A  နဲ့ အ၇င်ဆုံးရှင်ပြမယ်
  ကျနော်တို့ မြင်ဖူးနေတဲ့ IP တွေ က  192.168.1.1 တို့ ဘာညာပေါ့ဗျာ.... ဒါပေမဲ့ ...အဲ့ဒါ Class C ပါ ။
Class A အနေနဲ့  က  ပထမဆုံး စာလုံး ကိုကြည့်ရပါတယ်  ပထမဆုံး အလုံး က 1~126 ဆို၇င်  အဲ့ဒါ သေချာပါပြီ Class A ပါ။
ပထမဆုံး ဂဏန်းလေးတွေ ကြည့်ရုံနဲ့  Class ကိုသိပါပြီ Class ကိုသိတာနဲ့   ကျနော်ရှင်းပြထားတဲ့အတိုင်း
Network bit, Host bit, Network ID တို့ သိနိုင်ပါလိမ့်မယ်။
Subnet mask ဆိုတာ လည်းရှိပါသေးတယ်...
Class A အတွက်  က  255.0.0.0
Class B အတွက်  က 255.255.0.0
Class C အတွက် က 255.255.255.0 တို့ ဖြစ်ပါတယ် မြင်ဘူးကြမယ်ထင်ပါတယ်ခင်ဗျ။

==================================================
ကျနော်ရေးတဲ့  စာတွေကို နားမလည်ရင် ကျနော့် ကို အကြံပြုနိုင်ပါတယ်
www.facebook.com/ngnine မှာဗျ။ ...........
အမှားပါရင် လည်း တောင်းပန်ပါတယ် ကျနော့် က Learner တစ်ပိုင်း ဘလော့ဂါတစ်ပိုင်းမို့ လို့ ပါ
လေးစားစွာဖြင့်  Nero G-nine




No comments:

Post a Comment

ဝေဖန်မယ် အကြံပေးမယ် မေးမယ်ဆို၇င်တော့ Comment ပေးခဲ့ပါ ။