Saturday, July 14, 2012

Hackers and Hacking Games

ဒီတစ်ခေါက်တော့ Hacker တစ်ယောက်အနေနဲ့ ကစားရမယ့် Game လေးတွေ ပြန်လည်မျှဝေလိုက်ပါတယ် ။ Game ဆိုပေမယ့် ဒီ Game ကနေ သီအိုရီပိုင်းတွေကို သိနိုင်တယ် ပြီးတော့ ကိုယ်မကြုံဖူးတဲ့ အခြားတစ်ယောက်နဲ့ ယှဉ်ပြိုင်မှုတွေကို ရနိုင်ပါတယ်။ ဒါ့အပြင် Trace အလိုက်ခံရတာတွေ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရတာတွေကြောင့် လျှို့ဝှက်သည်းဖို  ခံစားချက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ် ။ 1. Blue Sky Simulation A/CBlue sky:: Acceptable Casualties ဆိုတဲ့ Hacking Simulation ကို exoSyphen Studios ကရေးဆွဲပြီး TermialZero ကနေ publish လုပ်ပါတယ်။ ဒီဂိမ်းမှာတော့ graphic လဲကောင်းပါတယ်။ ပြီးတော့ ဂိမ်းကစားနေတဲ့သူဟာ experienced Hacker တစ်ယောက်အဖြစ် အချိန်ကိုက် ဆော့နိုင်ရမှာဖြစ်ပါတယ်။ အခုတင်ပေးတာက Developer version ပါ။ အမှန်တကယ် features အပြည့်အစုံဆော့ချင်ရင် တော့ 9.95$ လောက်ရှိပါတယ်။ purchase လုပ်ပြီးဆော့ရင် custom interface skins တွေ complete new game graphic တွေရနိုင်ပါတယ်။ပြီးတော့ custom mission တွေ levels နဲ့ game mods အသစ်တွေ လဲ support လုပ်ပါတယ် ။ Visual C++ 6.0 ရှိရင် ပိုပြီး အလုပ်နိုင်ပါတယ်။ Developer version မှာတော့ source code ပဲပါလာမှာပါ။ ကိုယ့်ဘာသာကိုယ် Visual C++နဲ့ ပြန်ရေးရမှာဖြစ်ပါတယ်။ တကယ် programmer အတွက်ကတော့ အရမ်းကောင်းတဲ့ စီစဉ်မှုတစ်ခုဖြစ်ပါတယ်။ run လို့ကောင်းသွားရင် CD နဲ့ Burn ပြီး install လုပ်ပေးရမှာခင်ဗျာ။ကိုယ်ဆော့မယ့် hacking simulation ဂိမ်းကောင်းတစ်ခု ကို ကိုယ်ပိုင်ဖန်တီးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်တာတွေ့ရပါမယ်။ Download Link:: http://www.shareup.com/Blue_Sky_AC-download-10814.html


 Digital Hazard
ဒီGame ဟာလဲ hacking simulator Game တစ်ခုဖြစ်ပါတယ်။ ExoSyphen Studio ကပဲ Develop လုပ်ပါတယ်။ ဒီတစ်ခါ ဆော့တဲ့လူက worldwide computer networking ထဲ ရဲ့အတွင်းမှာဘာရှိသလဲလို့စူးစမ်းရင်း Underground (မြေကြီးအောက်မဟုတ်ပါ တရားဥပဒေ ဘောင်မဝင်တဲ့လောကကို ခေါ်သည်) ထဲရောက်သွားပါတယ်။ အဲ့လိုနဲ့ Hacker တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ပတ်ကို နေရာတစ်ရာကနေခြေဆန့်နေခိုက် ESK ဆိုတဲ့ Organization တစ်ခုရဲ့ အတွင်းရေးကို Hack ရမှာဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ Graphic နဲ့ ထုတ်လုပ်ထားပြီး Avenue 5 မှ Sound track တွေနဲ့တည်ဆောက်ထားပါတယ်။ ဒီGame ဟာ အချိန်ကို အသုံးချတတ်အောင် ပြီးတော့ စဉ်းစားဥာဏ်ရည်တက်အောင် တီထွင်ထားပါတယ်။ ဒါတင်မကသေးပါဘူး ဆော့နေသူကို အလွန်တ၇ာနက်တဲ့ ချောက်ရဲ့ကမ်းပါးပေါ်မှာလျှောက်နေရသလို ခံစား၇အောင် ရင်တလှပ်လှပ်နဲ့ဆော့နိုင် အောင်လုပ်ထားပါတယ်။ ဒီGame သည်လဲ free မဟုတ်ချေ။ ဒါပေမဲ့သူအတွက် Crack generator တွေရှိပါတယ်။ တစ်ခါတည်းတွဲတင်ပေးလိုက်ပါတယ်။ Full version မှာ ဆိုရင် Custom Game များကို ဆော့နိုင်မှာ ဖြစ်ပြီး mods တွေ lvl တွေ missionတွေကို အသစ်တွေရနိုင်မှာ ဖြစ်ပါတယ်။ addional missionတွေကို download ချပြီးလဲဆော့နိုင်မှာဖြစ်ပါတယ်။ သတိထားတတ်အောင် ပြီးတော့ တကယ့် ကို စိတ်လှုပ်ရှားစရာကောင်းအောင် အပြင်မှာ တကယ်hack နေပြီး White Hat တွေရန်က နေရှောင် နေရမှာဖြစ်ပါတယ်။ တကယ့်ကို Game ကောင်းတစ်ခု ဖြစ်ပါတယ် Download Link: http://games.brothersoft.com/digital-hazard.html Download Keygen Link: http://www.cracksguru.com/data/Digital_Hazard_v1.0_keygen_by_DELiGHT-bee5631c96.html



Hacker Evolution
အဲ့ဂိမ်းကတော့ နာမည်ကျော် game ကောင်းတစ်ခုပါပဲ။ ဆော့ရတာ အချိန်ကုန်မှန်းမသိအောင်ကို ကောင်းတဲ့ Game ပါ။ ExoSyphen Studio ကပဲ Develop လုပ်ပါတယ်။ Version များကိုလဲ အသစ်ထွက်ပါတယ်။ DDOSer သမားများအတွက် တကယ့်ပညာရတဲ့ဂိမ်းပါ။ Sever တွေကို linked လုပ်ပြီးကိုယ် မပေါ်နိုင်အောင် ချိတ်ရပါ့မယ်။ Sever တွေကို ဖောက်ရင် လဲ Password အမျိုးမျိုးကို Crack ရပါမယ်။ ဘဏ် Database တွေတိုက်ပြီး Money hack ရပါတယ်။ ပြီးရင် ရတဲ့ပိုက်ဆံနဲ့ Processors တွေ Firewallတွေ ခံပြီး တစ်ပါးသော White hat Hacker group ရန်မှလဲကာကွယ်ရပါသေးတယ်။ ပြီးတော့ DDOS attack တင် မဟုတ်ပါဘူး EMP attack တွေပါ အမုန်းကျွေးရပါသေးတယ်။ ဒီGame သည်လည်း အရှေ့က ထွက်ခဲ့တဲ့ Game လို ပဲ Sound ရော Graphic လဲကောင်းပါတယ်။ Full version မှာ ဆိုရင် Custom Game များကို ဆော့နိုင်မှာ ဖြစ်ပြီး mods တွေ lvl တွေ missionတွေကို အသစ်တွေရနိုင်မှာ ဖြစ်ပါတယ်။ အဲ့ Game ကို ပြည်တွင်းက Excellent အခွေ ဆိုင်မှာ ဝယ်ယူလို့ရပါတယ်။ Crack Version ရနိုင်ပါတယ်။ တစ်ခုတော့မှာမယ်နော် ဒါတွေဆော့မယ်ဆိုရင်တော့ terminal ကို ကြည့်တတ်မှရမယ်နော်။ Download Link ( Demo ) : http://crazy4warez.blogspot.com/2009/03/hacker-evolution-pc-free-game-download.html ဒီသုံးခုဟာ နာမည်ကြီးသလို အလွန်လည်း မိုက်တယ် Hacker Game သုံးခုဖြစ်ပါတယ် အတွေ့အကြုံတစ်ခုတော့ရမှာပါ စမ်းကြည့်လိုက်ပါ 



 post by Nero G-nine
copy from ghostarea.net








No comments:

Post a Comment

ဝေဖန်မယ် အကြံပေးမယ် မေးမယ်ဆို၇င်တော့ Comment ပေးခဲ့ပါ ။