Tuesday, July 31, 2012

အင်း တစ်လောကကျွန်တော် ဗီဒီယို ကွန်ဗက်တာတွေနဲ့ပတ်သတ်ပြီးတော့ နဲနဲပြဿာတက်သွားတယ်
ဒါနဲ့ပဲစော့ဝဲတွေလိုက်ရှာလိုက်တော့ ဒါလေးကိုသွားတွေတယ် သုံးရတာတော်တော်အဆင်ပြေတယ်ခင်ဗျ
ညီအစ်ကိုတို့လဲစမ်းကြည့်လေ MAGIX VIEDO 2011 လေးပါ အရမ်းကောင်းတယ်ခင်ဗျာ future စုံပါတယ် စမ်းကြည့်ပေါ့ဗျာ

http://www.mediafire.com/?vc6cwdl8e4c482c
အားလုံးပဲအစဉ်ပြေမယ်လို့ မျှော်လင့်ပါတယ်
                                                           အဆင်ပြေကြပါစေ (ဝေယံ)

Saturday, July 28, 2012

Connetify

ဒီ software လေးကတော့ ကိုယ့်မှာရှိတဲ့ Network ကို  ပြန်ပြီးwirelessလွှင့်ပေးတဲ့ software လေးပါ။တော်တော်လေးအသုံးဝင်ပါတယ်

Tuesday, July 24, 2012

Mavis Beacon Teaches Typing Platinum 20

ဒီဟာကတော့typing ကျင့်သူများအတွက်အဆင်ပြေစေမယ့်ဆော့ဖ်ဝဲလေးပါ။တော်တော်လေးသုံးလို့ကောင်းပါတယ်

Click Here To Download

Serial key

ဒီ software လေးကတော့O/S(window)တော်တော်များများရဲ့serial key တွေပါ။သုံးရတာလဲအဆင်ပြေပါတယ်။အဆင်ပြေနိုင်ကြပါစေဗျာ။(ညီနေမင်းဆိုက်မှပြန်လည်ကူးယူထားသည်)။:D

Click Here To Download

System Cleanning

ဒီဟာကတော့ ကွန်ပျုတာတစ်ခုကိုပေါ့ပါးသွားအောင်ပြုလုပ်ပေးမယ့်software တွေပါ။ Tune Up 2012 latest version ပါဝင်ပါတယ်။အဆင်ပြေနိုင်ကြပါစေဗျာ။

Click Here To Download

AIDA 64 extreme

ဒီဆော့ဖ်ဝဲလေးကတော့ကွန်ပျုတာသမားတွေအတွက်တော့တော်တော်လေးအသုံးဝင်တဲ့ဆော့ဖ်ဝဲလေးပါ။
ကွန်ပျုတာတစ်ခုထဲမှာရှိတဲ့Hardware တွေကိုစက်ကိုဖွင့်ကြည့်စရာမလိုပဲနဲ့O/Sကနေတိုက်ရိုက်စစ်ဆေးနိုင်မှာပါ။ဥပမာ-mother board အမျိုးအစားကိုကြည့်ချင်တယ်ဆိုရင်system unit ကိုဖွင့်စရာမလိုပဲစစ်ဆေးလို့ရမှာပါ။သုံးလို့အဆင်ပြေနိုင်မယ်ထင်ပါတယ်။

Click Here To Download

Monday, July 23, 2012

Internet Download Manager

Internet download Manager 6.11 ပါ။နောက်ဆုံးထွက် version မဟုတ်ပေမယ့်သုံးရတာတော့အဆင်ပြေပါတယ်

Click here to download

Hacking Ebook

Hacking E-Book လေးတစ်ခုပါ။ကျွန်တော်တို့ရေးတာတော့မဟုတ်ပါဘူး။အွန်လိုင်းပေါ်ကနေတွေ့လို့ပြန်shareပေးလိုက်တာပါClick here to download

Format Factory

Converter software တစ်ခုပါ။converter တွေအထဲမှာတော့တော်တော်လေးသုံးရတာကောင်းပါတယ်

 Click Here To Download

G-Talk Idle

G-talk အတွက် software ကောင်းလေးတစ်ခုပါ သုံးနည်းကတော့ exe ဖိုင်ကိုအရင်စrun ပေးပါ။ပြီးရင်show hidden icon ထဲမှ G-talk button right-click နှိပ်ပြီး always Idle ကိုရွေးပေးလိုက်ရုံပါပဲဗျာ။အားလုံးလဲအဆင်ပြေနိုင်ကြပါစေ

 Click Here To Download

Sunday, July 15, 2012

IP အခြေခံသဘောတရား

Network address မှာ အကြမ်းအားဖြင့် class ငါးခုရှိပါတယ်။
Class  A,B,C,D,E ပါ ဒါပေမဲ့  D,E ကို သိပ်မသုံးကြပါဘူး...........
မြန်မာနိင်ငံကလူတွေအနေနဲ့ နားလည်အောင်ပြောမယ်ဆိုရင်တော့
Class အမျိုးအစားမှာ အ၇ည်အသွေး သုံးခုနဲ့ ခွဲခြားပါတယ် ။ အဲ့ဒါတွေက တော့
Network bit, Host bit, Network ID တို့ ဖြစ်ပါတယ်။

Class A    Network bit=8 bit / Host bit= 24 bit / Network ID= 1~126 ဖြစ်ပါတယ်။
Class B    Network bit=16bit / Host bit =16 bit / Network ID = 128~191 ဖြစ်ပါတယ်။

Class C အကြောင်းမပြောခင်  ခင်ဗျားတို့ သတိထားမိကြလားတော့မသိဘူး... Class A နဲ့ B ကြားထဲမှာ
127   က ပျောက်နေတယ်လေ....
အဲ့ဒီ 127 ဆိုတာ local host address ပါ စက်တိုင်းမှာပါပါတယ် ကိုယ့်ရဲ့ Network Card ကောင်းလားမကောင်းလား စမ်းတဲ့နေရာမှာသုံးပါတယ်..ဥပမာ window key + R. >>>> cmd >>> ping 127.0.0.1 အဲ့လိုပါ။

Class C  Network bit=24bit/ Host bit = 8 bit / Network ID = 191~233 ဖြစ်ပါတယ်။

ခင်ဗျားတို့ နည်းနည်းတော့ရှုပ်သွားမယ်ထင်တယ်ဗျ ...ကျနော်ရှင်းပြမယ်....အိုကေ...

 Class A  နဲ့ အ၇င်ဆုံးရှင်ပြမယ်
  ကျနော်တို့ မြင်ဖူးနေတဲ့ IP တွေ က  192.168.1.1 တို့ ဘာညာပေါ့ဗျာ.... ဒါပေမဲ့ ...အဲ့ဒါ Class C ပါ ။
Class A အနေနဲ့  က  ပထမဆုံး စာလုံး ကိုကြည့်ရပါတယ်  ပထမဆုံး အလုံး က 1~126 ဆို၇င်  အဲ့ဒါ သေချာပါပြီ Class A ပါ။
ပထမဆုံး ဂဏန်းလေးတွေ ကြည့်ရုံနဲ့  Class ကိုသိပါပြီ Class ကိုသိတာနဲ့   ကျနော်ရှင်းပြထားတဲ့အတိုင်း
Network bit, Host bit, Network ID တို့ သိနိုင်ပါလိမ့်မယ်။
Subnet mask ဆိုတာ လည်းရှိပါသေးတယ်...
Class A အတွက်  က  255.0.0.0
Class B အတွက်  က 255.255.0.0
Class C အတွက် က 255.255.255.0 တို့ ဖြစ်ပါတယ် မြင်ဘူးကြမယ်ထင်ပါတယ်ခင်ဗျ။

==================================================
ကျနော်ရေးတဲ့  စာတွေကို နားမလည်ရင် ကျနော့် ကို အကြံပြုနိုင်ပါတယ်
www.facebook.com/ngnine မှာဗျ။ ...........
အမှားပါရင် လည်း တောင်းပန်ပါတယ် ကျနော့် က Learner တစ်ပိုင်း ဘလော့ဂါတစ်ပိုင်းမို့ လို့ ပါ
လေးစားစွာဖြင့်  Nero G-nine




Saturday, July 14, 2012

အခုတလော ပြဿနာ

အခုတလော ကျနော် တို့ မြန်မာ မှာ mobile app တွေကိစ္စနဲ့ ပြဿနာတွေကြံတွေ့ နေ၇တယ်။
ကျနော် က  ဘယ် ဘက်မှ မပါ ပါ ဘူး..
ကျနော် ပြောချင်တာ တစ်ခု က  မြန်မာနိုင်ငံဟာ အွန်လိုင်း Banking စနစ်မရှိပါဘူး။
E-government မဖွံဖြိုးသေးတဲ့ အချိန်မှာ မြန်မာနိုင်ငံက Programmer တွေ အနေ နဲ့ 
Open Source ရေးသင့်ပါတယ်....အစ်ကိုတော် တို့ အနေနဲ့  လိုင်စင် နဲ့ ထုတ်ချင်သပဆိုရင်
Free One Month တို့ ဘာတို့  Discount ချထားသင့်ပါတယ်။ အခု က
ဘာမှ မထွန်းကားသေးတဲ့အချိန်မှာ မလုပ်သင့်ပါဘူး။
နောက်တစ်နည်းရှိသေးပါတယ်----ဥပမာ ဗျာ အဘိဓာန်ဆိုပါတော့ စာလုံးနည်းနည်းပဲပါတာကို free လုပ်ပြီး စာလုံးများတာ ကို Payment နဲ့ လုပ်သင့်ပါတယ်။
================
Program ကြောင့်ဖြစ်တဲ့ Error တွေကို သင်တို့ အနေနဲ့ ရှင်းပေးဖူးပါသလားခင်ဗျာ.
ရှင်းပေးဖို့ တာဝန်ယူပါသလား......Up-to-date ဖြစ်အောင်လုပ်ပေးနိုင်ပါသလားခင်ဗျာ.။
================
Cracked တဲ့လူလည်း သိထားသင့်ပါတယ် Programmer ဘ၀ က မလွယ်ပါဘူး။
သူတို့ အနေနဲ့  အဲ့ဒီကုတ်တွေေ၇းဖို့ အနှစ်နှစ် အလလ စဉ်းစားထားရတာပါ။
ဒါကြောင့် နှစ်ဦးနှစ်ဖက် ကို အဆင်ပြေစေလိုပါတယ်။
Nero G-nine
------
ကျနော် စကားပြောလွန်တာရှိ၇င် တောင်းပန်ပါတယ်။
Nero G-nine

မသေမချင်းမှတ်ထား.


မာစတာကီး


စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ “ယောက်ျားကောင်း မောင်းမတစ်ထောင်”တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။ မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။
ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် “မာစတာကီး”လို့ ခေါ်တယ်လေ။ သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....

ဒီအတိုင်းပါပဲဗျာ


မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီးသူတို့ကလေးရတော့မည့်
အကြာာင်း ပြောပြလေသည်။

ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။

'ကျွန်တော်ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာအမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲလဲကျသေဆုံးသွားပါရော'

'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'

'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'

SMS message အလကားပို့ ကြမယ်

လူမှုကွန်ယတ် ဖေ့ဘွတ် ဟာ တွင်ကျယ်လာတာနဲ့ အမျှ Text Message ကုမ္မဏီတွေအရှုံးပေါ်ကြ၇ပါတယ်။ ထိုကြောင့် Free Message site တွေပေါ်ပေါက်လာပါတယ်။

အခု ကျနော် မိတ်ဆက်ပေး မှာ ကတော့ 
နိုင်ငံခြားဖုန်းတွေ ( မြန်မာပြည်အချင်းချင်းတော့ ကံကောင်းရင် စာေ၇ာက်ပါတယ်) အဲ့ဒါတွေကို
မက်ဆေ့ အလကားပို့ လို့ ရတဲ့ ဝက်ဆိုက်လေး ပါ။

http://www.dailysms.in/


ပုံမှာ ပြထားတဲ့ အတိုင်း အဲ့ဒီ  free SMS ဆိုတာ လေး ကို နှိပ်လိုက်ပါ။
အောက်မှာ ကိုယ်ပို့ ချင်တဲ့ နိုင်ငံ ကို ရွှေးပါ....
Phone Number ရိုက်ရင် Country code ထည့်စရာမလိုပါဘူး။ သူ ကတစ်ခါတည်းပေးပြီးသားပါ။
အောက်ဆုံး က  Box လေးမှာ ကိုယ်ရေးချင်တဲ့ စာလေးရေးပြီးတော့
Send နှိပ်လိုက်ပါ.............မက်ဆေ့ပိုချင်းပြီးဆုံးသွားပါပြီ။

(နည်းပညာ သည် အရှိန်အဟုန်ပြင်းလှသည်....)
Nero G-nine

Hacking ebook များ

ကျနော် တစ်ခုအနေနဲ့ ပြောချင်တာ က
ကျနော် နည်းပညာတွေ ဖြန့် ဝေပေးနေတာ ပါ။
ကျနော် hacking လည်းမသိပါဘူး။
ကျနော် သိသလောက်ကို အားလုံးကိုသိစေချင်လို့ ပြောနေတာပါ။
ပြီးတော့ Hacking means  self-study ပါ ...ကိုယ်လုပ်မှ ကိုယ်ရတာပါ။
ထိုလောကထဲဝင်ချင်၇င် ကိုယ်အားကိုယ်ကိုးပါ။
http://www.mediafire.com/?du9oj6poi1xa59x
http://www.mediafire.com/?vasj7vvagcabjig
http://www.mediafire.com/?h41z4kznz5hw08r
http://www.mediafire.com/?cfquxhr96xz7lfo


စာအုပ်တွေ ထပ်လိုချင်သေး၇င်  ကျနော့် ကိုပြောကြပါ။
Nero G-nine
comment လေးလည်း ၀င်ရေးသွားအုန်းနော် :P

လေ့လာမိသမျှ Internet အကြောင့်း

အင်တာနက် ဆိုတာ ဘယ်လို စ တင် ဖြစ်ပေါ်လာသလဲ

အင်တာနက် ဆိုတာ 1950 ခုနစ်ဝန်းကျင် ကွန်ပြုတာ စပေါ် ကတည်း က စတင်လာခဲ့တာပါ။
Point-to-Point communication စနစ်နဲ့  mainframe computer နဲ့  terminals တွေ ကြားဆက်သွယ်ချင်းမှ အစ ပြုလာပါတယ်။ ထိုမှတင်ဆင့် အဆင့်ဆင့်ပြောင်းလဲကာ
1982 လောက်မှာ Internet Protocol Suite (TCP/IP) ဆိုတဲ့ အင်တာနက်ကြီးဖြစ်ပေါ်လာပါတယ်။
ကြားထဲမှာတော့အများကြီးတီထွင်မှုတွေရှိသေးတာပေါ့ဗျာ....။

အခုကျနော်တို့ သုံးနေတဲ့ အင်တာနက် ကို ဘယ် ကရလဲ ဘယ်သူတွေ က လွင့်ပေးလည်း သိချင်ကြမှာပါ။
လောလောဆယ် အနေနဲ့ တော့ မြေပြင်အင်တာနက်စခန်းတွေအကြောင်းပဲဖော်ပြပါ့မယ်။

Regional Internet Registry ဆိုတာ အကျိုးရလဒ်မယူတဲ့  corporations ကြီးတစ်ခုပါ။
အစိတ်အပိုင်းကြီး ငါး ပိုင်း ခွဲထားပါတယ်။ ...သူတို့ တွေ ရဲ့အဓိ က လုပ်ဆောင်ချက်ကတော့
IP address ပါပဲ...(IP တွေအကြောင့်အခွင့်သာရင် တင်ပေးပါ့မယ်)...
ဒါတွေ က  သူတို့ တွေ ရဲ့ ကော်ပိုရေးရှင်း လုပ်ငန်းခွဲလေးတွေပါ တစ်ခုကို တစ်ခုချိပ်ဆက်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကတော့ APNIC ဆိုတဲ့ ဆာဗာ ကနေပြီးတော့ internet access ကိုရပါတယ်။

(ကျနော်သင်ရသလောက်တော့ဒီအထိပါပဲ ဆက်လက်လေ့လာပါအုန်းမည်။)
Nero G-nine


OS wars

လူတိုင်း ကိုယ့်ကွန်ပျူတာမှာ Opeation System ကိုတင်ရင် လွယ်လွယ်ကူကူ အခက်အခဲ မရှိ ကျေကျေနပ်နပ် အောင်မြင်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ။ ပြဿနာ တစ်ခုမှတစ်ခုနဲ့ အမြဲတမ်းကြုံတွေ့ရပါတယ်။များသောအားဖြင့် အိမ်သုံးကွန်ပျူတာဆိုတာက လည်း Microsoft Windows ကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပြီး သူကပဲ ဈေးကွက် တော်တော်များများကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့်ပဲ ကွန်ပျူတာဆိုရင် လူတိုင်းက Windows နဲ့ တွဲမြင်ကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ အခုဆိုရင် တဖြည်းဖြည်းနဲ့ LINUX Operation System ကို ပြောင်းသုံး လာနေကြပါပြီ။
ကဲ ဒါဆိုရင် ကျွန်တော်တို့ကော ပြောင်းသုံးဖို့ အဆင်မပြေနိုင်ဘူးလား။ ပြောင်းသုံးဖို့ အချိန်တန်ပြီ လား ဆိုတာ ဆက်ကြည့်ရအောင်။

၁။ ဆော့ဝဲတွေ အတွက်ပိုက်ဆံပေးနေတာတွေက စိတ်ညစ်စရာပါ။မနက်အိပ်ရာထတိုင်း
Operation System အတွက်ပိုက်ဆံပေးထားရတယ်။ Antivirus အတွက် ပိုက်ဆံပေးထားရတယ်။ ကိုယ့်စက်လေး အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေဖို့အတွက် Virus update ကို Install လုပ်ရပြီ။ အသုံးပြုရတာ အဆင်ပြေသလား စဉ်းစားကြည့်ပါ။ ကြာလာတာနဲ့အမျှ ဘာအတွက် ဘာကြောင့်ရယ် စက်ကလေးနေမှန်းမသိဘူး။ ဘာပြဿနာတွေကြောင့်လည်း အဖြေရှာမရဘူး။ အဲဒီအတွက် bugs တွေကို သက်ဆိုင်ရာ ဆော့ဝဲကုမ္ပဏီတွေက အဖြေရှာပေးနေပါ တယ်။
ပြုပြင်ပေးနေပါတယ်။ဒါပေမဲ့ ဘယ်တော့ ရမယ်တော့မသိရပါဘူး။ Pirate တင်ထားတယ်ဆိုရင် လည်း ဘယ်အချိန်များ လူရှေ့သူရှေ့စက်ဖွင့်ရင် အဖမ်းခံရမလည်းပေါ့။ Linux ကျတော့ကော အချိန်နဲ့အမျှ ၁၀၀ ရာခိုင်နှုန်း အခမဲ့ ဆော့ဝဲလ် တွေကို မရေမတွက်နိုင်တဲ့ Developer တွေက ထုတ်လုပ်ပေးနေတယ်လေ။ ဘယ်နေရာဖွင့်သုံးသုံး အဆင်ပြေနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည် မှုရှိမယ်။ ကျီးလန့်စာစား မဖြစ်ဘူးပေါ့။

၂။ Hardware အသစ်တွေ အမြဲတမ်းလိုနေမယ်။RAM များများမှ၊ CPU မြင့်မြင့်မှ ဆိုတာ မျိုးပေါ့။ Windows က Hardware ကောင်းကောင်းလိုချင်တယ်လေ။ ကြုံဖူးမှာပါ။ စာလေး တစ်ပုဒ်ရိုက်ဖို့ အရေး Microsoft word ကိုဖွင့်ထားခဲ့ပြီး ကော်ဖီသွားဖျော်တာမျိုးလေ။ ပြန်လာတာနဲ့ အသင့်ပွင့်နေ မှာပေါ့။


၃။ Malware အတွက်စိတ်ညစ်နေတာလား။

p4 စက်အဟောင်းလေး တစ်လုံးရှိတယ်ပေါ့။ Xp နဲ့သုံးတယ်။ လေးလေးလာပြန်ပြီ။ ဘယ်သတ္တ၀ါတွေက စက်ထဲဝင်ပြီးနှိပ်စက်နေလည်း မသိဘူး။ ဆိုတဲ့အသံတွေ အမြဲကြားကြားနေရ တယ်မဟုတ်လား။ဒါပေမဲ့ စိတ်တော့သိပ်မပူပါနဲ့။ Microsoft က permissions system တွေက ပိုကောင်းအောင် လုပ်ထားတယ်လို့သိရပါတယ်။ Linux မှာတော့ Old hardware နဲ့အသုံးပြုလို့ ရမယ့် Hardware resource အများကြီးမလိုတဲ့ GUI (Graphical User Interface) တွေ နှစ်ခုသုံးခုရှိပါတယ်။

၎။ Service patch သွင်းပြီးလို့ ပျော်နေတာလား။

ကဲ.. အရင်တစ်ပတ်က Service patch ကို install လုပ်ပြီးလို့ စိတ်ချရပါပြီဆိုရင် အဲဒီဟာမတိုင်ခင် ဘယ်အချိန်ကတည်းက ကိုယ့်စက်ကို ဒုက္ခပေးနေတာလဲ။ ကိုယ့်စက်ထဲကို ဘယ်မသာမာသူတွေက ဘယ်နှစ်ကြိမ်လောက် ၀င်ထွက်သွားလာပြီးပြီလဲ။

၅။ အချိန်တွေပိုနေလို့လား။

လူတော်တော်များများက virus scanning နဲ့ defragmenting တွေ အချိန်တွေအများကြီး ပေးထား ရ တာကို မနှစ်မြို့ကြဘူးလေ။ အဲဒီတွေလုပ်နေတဲ့အချိန်မှာ ကျန်တာသုံးလို့မရသလောက်ကို ထိုင်စောင့်နေရတယ်လေ။ တကယ်ပဲ ကျွန်တော်တို့ အဲဒီအချိန်မှာတခြားလုပ်စရာတွေမရ
ှိ တာ
သေချာ ရဲ့လား။

၆။ မြန်မြန်ဆန်ဆန် အလုပ်ဖြစ်ချင်တယ်။

Windows boot speed ကမြန်လာပြီလို့ ပြောကြပါတယ်။ booting လုပ်နေတုန်းလေး ကော်ဖီဖျော် ချိန် ရတယ်လေ။

၇။ ဖိုင်တွေတစ်ယောက်နဲ့တစ်ယောက်ဖြန
့်ဝေမယ်
တကယ်လို့ ဘာလင်က စီးပွားရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်လို့ သူတို့က .ODP format (နိုင်ငံတစ်ကာသုံး ဖိုင်အမျိုးအစား) ဖိုင် ကို ပို့ပြီဆိုပါတော့။ PowerPoint က အဲဒီဖိုင်ကိုဖွင့် ရင် ကောင်းကောင်း အလုပ်မလုပ်ပါ။

၈။ Internet Explorer (IE) ကို တကယ်မကြိုက်တာ သေချာတယ်။

အင်တာနက် သုံးမယ်ဆိုရင် Web browser တစ်ခုခုကို တော့တင်သုံးမယ်လေ။ IE ကိုတော့ အဲဒီ web browser ဒေါင်းလုပ်လုပ်တဲ့ အချိန်သုံးမယ်ပေါ့။

၉။ ကိုယ့်စက်ကို ကိုယ့်ကိုယ်တိုင် control လုပ်ချင်တယ်။

ကွန်ပျူတာ ပြဿနာ အသေးအမွှားလေးတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းချင်တယ်လေ။ Microsoft က နောက်ထွက်မယ့် Version မှာ ပြင်ပေးမှာကို စောင့်မနေချင်ဘူး။

၁၀။ အပေါ်ကအချက်တွေနဲ့ မကိုက်ညီတာတွေ ရှိပါသလား။

ရှိတယ်ဆိုရင်လည်း တစ်ခုနှစ်ခုပေါ့ဗျာ။ ဒါဆို ကျွန်တော်တို့ တစ်ခြားနည်းရွေးလို့မရနိုင်ဘူးလ
ား။ Linux မှာ ချစ်စရာကောင်းတဲ့ ကိုယ်စိတ်ကြိုက် ပြုပြင်လို့ရတာတွေကို Windows က ဘယ်တော့မှာ လိုက်မှီမှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတိုင်းနီးပါး သိပါတယ်။Linux က အကုန်လုံး အဆင်ပြေမှာ လားဆိုတော့လည်း အကုန်လုံးရယ်လို့တော့ အသေအချာမဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များ များကတော့ Windows မှာထက်ပိုကောင်းမှာပါ။

ကဲ ... ဒါဆိုရင် စာဖတ်သူတို့ရော Linux ပြောင်းသုံးကြည့်ဖို့ အချိန်ကျနေပြီလားဗျာ။

အခုဖော်ပြအပ်သော Linux နှင့် သက်ဆိုင်သော Post များသည် End User များအတွက်သာဆို လိုပါသည်။ Professional များ (အထူးသဖြင့် မာတီမီဒီယာ) အတွက်မဟုတ်ပါ။

(ကိုလင်း - သလ္လာဝတီ ရေးသော Post ဖြစ်ပါသည်။ )

Internet Download Manager

တစ်ခုခုလို့  ချင်လို့  အွန်းလိုင်း က ဒေါင့် ရင် ရိုးရိုးဒေါင့်ရန် အဲ အတွက် Download Manager Software တစ်ခုခု တော့  ....လိုအပ်စမြဲ ပါပဲ ... အားလုံးလဲ သိပြီးသာ ဖြစ်တဲ့  IDM Software Latest Version လေး ပါ သုံးရတာ အတော်လေး ကောင်းပါတယ် လိုချင်တဲ့  သူ့ များ ဒေါင်းလိုက် ကျပါ ဦးဗျာ......

mediafire၌ဒေါင်းရန်
http://www.mediafire.com/?igw529ixii1m8f5

minus.com၌ဒေါင်းရန်
http://minus.com/l40Pd6nadAZPp
 

Online Facebook Signout

တခါတလေ တစ်ယောက်ယောက်အိမ်မှာပဲ ဖြစ်ဖြစ်၊ အင်တာနက် ဆိုင်မှာပဲဖြစ်ဖြစ် Facebook သုံးပြီးလို့ပြန်လာတဲ့အခါ ကိုယ်ဟာကိုယ့်ရဲ့ account ကို Log out လုပ်ခဲ့လားဆိုတာမသေခြာလျှင် ဒါမှ မဟုတ် မလုပ်ခဲ့ရလျှင် ဒီနည်းလေးနဲ့ကိုယ် log out မလုပ်ခဲ့တာကို အခြားcomputer ကနေ Log out လုပ်လို့ရပါတယ်။ Facebook ရဲ့ ညာဘက်အပေါ်ဆုံးဒေါင့် Home ဘေးက မျှားလေးကို နှိပ် အဲဒီတဲက Account setting ကို ရွေး၊ ပြီးတော့ ဘယ်ဘက်Menu တဲက Security ကိုနှိပ်၊ Active Sessions က Edit ကို နှိပ်လိုက်ပါ။ အဲဒီမှာ မိမိ အသုံးပြုခဲ့တဲ့အချိန်တွေ၊အသုံးပြုခဲ့တဲ့နေရာ နဲ့ Log out မလုပ်ခဲ့တာတွေကိုပြပါလိမ့်မယ်။ အဲဒါတွေအားလုံးကို End activity လုပ်လိုက်ရင် မိမိ Log out မလုပ်ခဲ့တာတွေ Log out လုပ်သွားပါလိမ့်မယ်။
 

FireFox 13

သူငယ်ချင်းတို့ဟာ Mozilla Firefox ကိုနေ့တိုင်းသုံးနေတယ်။ Firefox version 13 သုံးနေပြီ ဘာ add-on မှလဲမဖွင့်ဘူး၊ tabs ကိုလဲ 4 ခုတပ်ပိုမဖွင့်တောင်မှ browse ကိုဖွင့်လိုက်ရင်မမြန်ဘူးဖြစ်နေတယ်။ Gmail or Google Drive,Google Chrome တွေကိုတပြိုင်းတဲအသုံးပြုပြီး Firefox မြန်ခြင်လျှင်အောက်ကအတိုင်းလေးလုပ်ကြည့်ပါ။
Firefox ရဲ့ cookies နဲ့ cache တွေကို weekend တိုင်းမှာရှင်းပေးပါ။ browsing history နဲ့online မှာရှာဖွေထားတဲ့ History တွေ ၊ searched တွေ ကို delete လုပ်ပေးပါ။အဲဒါကလုပ်တာမခက်ပါဘူး Firefox Web ၇ဲ့ဘယ်ဘက်အပေါ်ဒေါင့်စွန်းက Firefox ကိုနှိပ် ပြီး History ပေါ်ကိုမျှားလေးတောင့်ပြီး clear recent History ကို နှိပ်လိုက်ပါ၊ ပြီတော့ clear now ကိုနှိပ်။ အဲဒီလိုမလုပ်ဘဲ short caps keys ကို သုံးလဲရတယ် Ctrl + Alt + Delete လို့လုပ်ရင်ရပါတယ်။ cookies နဲ့ cache တွေကို delete လုပ်တာကတော့ Firefox တဲက option ကို ၀င် ပြီးတော့ privacy tab တဲက always use prevent browser တစ်ခုကလွဲပြီး ကျန်တာတွေကိုအမှန်ခြစ် ၊setting ကိုဝင်History မှာအကုန်အမှန်ခြစ် ( အောက်က data တွေကိုအမှန်မခြစ်ရဘူးနော်) ပြီး OK တွေနှပ်သွားရုံပါပဲ။ နောက်ပြီး သူငယ်ချင်းတို့အသုံးမပြုတော့တဲ့ plug-ins and add-ons တွေကို remove လုပ်လိုက်ပါ။ my computer ထဲက search box မှာ c:\Users\(user name)\AppData\Mozilla\Firefox\Profiles\(profile folder)\ လို့ရိုက်
prefs file ရှာပြီး အဲဒါကို အခြားlocation မှာ save ထားလိုက်ပါ။
နောက် address bar about:config လို့ရိုက်တဲ့ warning message တစ်ခုကျလာပါမယ်။ I'll be careful, promise ကို နှိပ်လိုက်ပါ။ search box တဲကနေ network.http.max-persistent-connections-per-server လို့ရိုက်တဲ့ ပြီးရင် value ကို 8 လို့ပြောင်း။ နောက် search box တဲကနေnetwork.http.pipelining လို့ရိုက်တဲ့ ပြီးရင် double click နှိပ်ပြီး value ကို true ပြောင်းလိုက်ပါ။ ပြီးရင် search box တဲကနေ network.http.pipelining.maxrequestsr လို့ရိုက်တဲ့ ပြီးရင် value ကို 8 လို့ပြောင်း။ နောက် search box တဲကနေnetwork.dns.disableIPv6 လို့ရိုက်တဲ့ ပြီးရင် double click နှိပ်ပြီး value ကို true ပြောင်းလိုက်ပါ။ အားလုံးလုပ်ပြီးသွားရင် computer ကို restart လုပ်လိုက်ပါ။ သူငယ်ချင်းတို့သုံးနေတဲ့ Firefox မြန်ဆန်နေတာကိုတွေ့ရမှာပါ။
...............................................
 တစ်ခါတစ်လေ့တော့ လည်း  မကြုံဖူးတာ တွေ ကြုံတတ်ပါတယ်.။
Nero G-nine

Hackers and Hacking Games

ဒီတစ်ခေါက်တော့ Hacker တစ်ယောက်အနေနဲ့ ကစားရမယ့် Game လေးတွေ ပြန်လည်မျှဝေလိုက်ပါတယ် ။ Game ဆိုပေမယ့် ဒီ Game ကနေ သီအိုရီပိုင်းတွေကို သိနိုင်တယ် ပြီးတော့ ကိုယ်မကြုံဖူးတဲ့ အခြားတစ်ယောက်နဲ့ ယှဉ်ပြိုင်မှုတွေကို ရနိုင်ပါတယ်။ ဒါ့အပြင် Trace အလိုက်ခံရတာတွေ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရတာတွေကြောင့် လျှို့ဝှက်သည်းဖို  ခံစားချက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ် ။ 1. Blue Sky Simulation A/CBlue sky:: Acceptable Casualties ဆိုတဲ့ Hacking Simulation ကို exoSyphen Studios ကရေးဆွဲပြီး TermialZero ကနေ publish လုပ်ပါတယ်။ ဒီဂိမ်းမှာတော့ graphic လဲကောင်းပါတယ်။ ပြီးတော့ ဂိမ်းကစားနေတဲ့သူဟာ experienced Hacker တစ်ယောက်အဖြစ် အချိန်ကိုက် ဆော့နိုင်ရမှာဖြစ်ပါတယ်။ အခုတင်ပေးတာက Developer version ပါ။ အမှန်တကယ် features အပြည့်အစုံဆော့ချင်ရင် တော့ 9.95$ လောက်ရှိပါတယ်။ purchase လုပ်ပြီးဆော့ရင် custom interface skins တွေ complete new game graphic တွေရနိုင်ပါတယ်။ပြီးတော့ custom mission တွေ levels နဲ့ game mods အသစ်တွေ လဲ support လုပ်ပါတယ် ။ Visual C++ 6.0 ရှိရင် ပိုပြီး အလုပ်နိုင်ပါတယ်။ Developer version မှာတော့ source code ပဲပါလာမှာပါ။ ကိုယ့်ဘာသာကိုယ် Visual C++နဲ့ ပြန်ရေးရမှာဖြစ်ပါတယ်။ တကယ် programmer အတွက်ကတော့ အရမ်းကောင်းတဲ့ စီစဉ်မှုတစ်ခုဖြစ်ပါတယ်။ run လို့ကောင်းသွားရင် CD နဲ့ Burn ပြီး install လုပ်ပေးရမှာခင်ဗျာ။ကိုယ်ဆော့မယ့် hacking simulation ဂိမ်းကောင်းတစ်ခု ကို ကိုယ်ပိုင်ဖန်တီးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်တာတွေ့ရပါမယ်။ Download Link:: http://www.shareup.com/Blue_Sky_AC-download-10814.html


 Digital Hazard
ဒီGame ဟာလဲ hacking simulator Game တစ်ခုဖြစ်ပါတယ်။ ExoSyphen Studio ကပဲ Develop လုပ်ပါတယ်။ ဒီတစ်ခါ ဆော့တဲ့လူက worldwide computer networking ထဲ ရဲ့အတွင်းမှာဘာရှိသလဲလို့စူးစမ်းရင်း Underground (မြေကြီးအောက်မဟုတ်ပါ တရားဥပဒေ ဘောင်မဝင်တဲ့လောကကို ခေါ်သည်) ထဲရောက်သွားပါတယ်။ အဲ့လိုနဲ့ Hacker တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ပတ်ကို နေရာတစ်ရာကနေခြေဆန့်နေခိုက် ESK ဆိုတဲ့ Organization တစ်ခုရဲ့ အတွင်းရေးကို Hack ရမှာဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ Graphic နဲ့ ထုတ်လုပ်ထားပြီး Avenue 5 မှ Sound track တွေနဲ့တည်ဆောက်ထားပါတယ်။ ဒီGame ဟာ အချိန်ကို အသုံးချတတ်အောင် ပြီးတော့ စဉ်းစားဥာဏ်ရည်တက်အောင် တီထွင်ထားပါတယ်။ ဒါတင်မကသေးပါဘူး ဆော့နေသူကို အလွန်တ၇ာနက်တဲ့ ချောက်ရဲ့ကမ်းပါးပေါ်မှာလျှောက်နေရသလို ခံစား၇အောင် ရင်တလှပ်လှပ်နဲ့ဆော့နိုင် အောင်လုပ်ထားပါတယ်။ ဒီGame သည်လဲ free မဟုတ်ချေ။ ဒါပေမဲ့သူအတွက် Crack generator တွေရှိပါတယ်။ တစ်ခါတည်းတွဲတင်ပေးလိုက်ပါတယ်။ Full version မှာ ဆိုရင် Custom Game များကို ဆော့နိုင်မှာ ဖြစ်ပြီး mods တွေ lvl တွေ missionတွေကို အသစ်တွေရနိုင်မှာ ဖြစ်ပါတယ်။ addional missionတွေကို download ချပြီးလဲဆော့နိုင်မှာဖြစ်ပါတယ်။ သတိထားတတ်အောင် ပြီးတော့ တကယ့် ကို စိတ်လှုပ်ရှားစရာကောင်းအောင် အပြင်မှာ တကယ်hack နေပြီး White Hat တွေရန်က နေရှောင် နေရမှာဖြစ်ပါတယ်။ တကယ့်ကို Game ကောင်းတစ်ခု ဖြစ်ပါတယ် Download Link: http://games.brothersoft.com/digital-hazard.html Download Keygen Link: http://www.cracksguru.com/data/Digital_Hazard_v1.0_keygen_by_DELiGHT-bee5631c96.html



Hacker Evolution
အဲ့ဂိမ်းကတော့ နာမည်ကျော် game ကောင်းတစ်ခုပါပဲ။ ဆော့ရတာ အချိန်ကုန်မှန်းမသိအောင်ကို ကောင်းတဲ့ Game ပါ။ ExoSyphen Studio ကပဲ Develop လုပ်ပါတယ်။ Version များကိုလဲ အသစ်ထွက်ပါတယ်။ DDOSer သမားများအတွက် တကယ့်ပညာရတဲ့ဂိမ်းပါ။ Sever တွေကို linked လုပ်ပြီးကိုယ် မပေါ်နိုင်အောင် ချိတ်ရပါ့မယ်။ Sever တွေကို ဖောက်ရင် လဲ Password အမျိုးမျိုးကို Crack ရပါမယ်။ ဘဏ် Database တွေတိုက်ပြီး Money hack ရပါတယ်။ ပြီးရင် ရတဲ့ပိုက်ဆံနဲ့ Processors တွေ Firewallတွေ ခံပြီး တစ်ပါးသော White hat Hacker group ရန်မှလဲကာကွယ်ရပါသေးတယ်။ ပြီးတော့ DDOS attack တင် မဟုတ်ပါဘူး EMP attack တွေပါ အမုန်းကျွေးရပါသေးတယ်။ ဒီGame သည်လည်း အရှေ့က ထွက်ခဲ့တဲ့ Game လို ပဲ Sound ရော Graphic လဲကောင်းပါတယ်။ Full version မှာ ဆိုရင် Custom Game များကို ဆော့နိုင်မှာ ဖြစ်ပြီး mods တွေ lvl တွေ missionတွေကို အသစ်တွေရနိုင်မှာ ဖြစ်ပါတယ်။ အဲ့ Game ကို ပြည်တွင်းက Excellent အခွေ ဆိုင်မှာ ဝယ်ယူလို့ရပါတယ်။ Crack Version ရနိုင်ပါတယ်။ တစ်ခုတော့မှာမယ်နော် ဒါတွေဆော့မယ်ဆိုရင်တော့ terminal ကို ကြည့်တတ်မှရမယ်နော်။ Download Link ( Demo ) : http://crazy4warez.blogspot.com/2009/03/hacker-evolution-pc-free-game-download.html ဒီသုံးခုဟာ နာမည်ကြီးသလို အလွန်လည်း မိုက်တယ် Hacker Game သုံးခုဖြစ်ပါတယ် အတွေ့အကြုံတစ်ခုတော့ရမှာပါ စမ်းကြည့်လိုက်ပါ 



 post by Nero G-nine
copy from ghostarea.net